'
Motto: "I thu chhiarin a siam che"

Wednesday, January 12, 2011

English Self-Study Part-1 (Burmese Version)


အကူကြိယာ လေ့ကျင့်ခန်း အကူကြိယာ အရောအနှော အဖြေများ Excercise 11 (Auxiliaries: Mixed) Fill each of the following gaps with a suitable auxiliary or auxiliary form. သည်လေ့ကျင့်ခန်းကတော့ နည်းနည်းလေး ခက်ချင်လို့ တစ်ကြောင်းချင်း အတတ်နိုင်ဆုံး ပြန်ရှင်းပေးပါ့မယ်။ 

1. Schoolboy to friend: I left my book at home. Can/Could I share yours? (သည်ဝါကျမှာ ကျောင်းသား တစ်ယောက်က သူငယ်ချင်းကို ပြောတဲ့ စကားမို့ သိပ်ယဉ် ကျေးနေစရာ မလိုပါဘူး။ အချင်းချင်း ပြောတဲ့ စကားမို့ Can ကို သုံးနိုင်ပါတယ်။ ဒါပေမယ့် အချင်းချင်းတောင်မှ ကိုယ့်ဘက်က ဖျောင်း ဖျောင်းဖျဖျလေး “မင့်စာအုပ်ကို အတူတူကြည့်ပါ ရစေနော်” ဆိုတဲ့ လေသံမျိုးနဲ့ ပြောချင်တယ် ဆိုရင်တော့ Could ကို သုံးနိုင်ပါတယ်။) 

 2. I’m taking swimming lessons. I hope to be able to swim by the end of the month. သည်မှာတော့ able to ဟာ verb to ‘be’နဲ့သာ အစဉ်တစ်စိုက် တွဲဖက်ရတာမို့ ဆီလျော်တဲ့ verb to ‘be’ ကို ထည့်ရမှာပါ။ သည်ဝါကျမှာ အဲဒီ be ရဲ့ ရှေ့မှာ to ခံနေတာမို့ အခုလို သုံးလိုက်ရတာပါပဲ။) 

3. You had better take off your wet shoes. (ဒါကိုတော့ အသေသာ မှတ်ထားပါ။ Had better + V1 အတွဲကိုပါပဲ။ V1ရင် ကောင်းမယ်၊ သင့်တယ်လို့ ပြောတဲ့ အခါမှာ အဲသလို သုံးပါတယ်။ ကောင်းတာ တစ်ခုကhad ဖြစ်နေတဲ့ အတွက်had ရှေ့က ဘယ်လို လူအမည်၊ ဘယ်လို ပုဂ္ဂလိက နာမ်စား ဖြစ်နေနေ ပြောင်းလဲစရာ မလို had လို့သာ တစ်သမတ်တည်း သုံးသွားလို့ ရတာပါပဲ။ I’d better take a taxi. She’d better ask for advice. စသဖြင့်ပေါ့။ 

4. I’m sorry I’m late. I had to wait ages for a bus. (သည်မှာက နောက်ကျတဲ့ အတွက် တောင်းပန်စကား ပြောတာပါ။ နောက်ကျရခြင်း အကြောင်းရင်းကို ပြောတဲ့ အခါ ဘတ်စ်ကားကို သေလုအောင် အကြာကြီး စောင့်နေရလို့ပါလို့ အကြောင်းပြပါတယ်။ ဘတ်စ်ကား အကြာကြီး စောင့်ရတယ် ဆိုတာ မလွဲမသွေ၊ မဖြစ်မနေ၊ မလွှဲ သာလို့ လုပ်ရတာ ဖြစ်နေပါတယ်။ အဲဒါကြောင့် have to ကို သုံးပါတယ်။ သို့သော် အဲဒီ ဘတ်စ်ကား စောင့်တဲ့ အလုပ်ကို စောစောက လုပ်ခဲ့ရတာ။ အခု မဟုတ်တော့ဘူး။ စောင့်ပြီးလို့ လိုတဲ့နေရာ ရောက်လာလို့ပဲ ချိန်းထားတဲ့ သူကို တောင်းပန် စကား ပြောနေပြီမို့ အတိတ်ကာလ ဖြစ်သွားပါတယ်။ ဒါ့ကြောင့်had to လို့ သုံးလိုက်တာပါပဲ။ သတိထား စေချင်ပါတယ်။ ကျွန်တော်တို့ မြန်မာ စကားမှာက ကာလကို ထည့်ပြောတဲ့ အကျင့်က မရှိဘူး။ အဲတော့ သည်လို နေရာမျိုးမှာ မှားတတ်ပါတယ်။) 

5. Teacher: You must (obligation မဖြစ်မနေ) read the play, but you needn’t (no obligation မဖြစ်မနေ မဟုတ်) read the preface. (ဒါကတော့ ရှင်းမယ် ထင်ပါတယ်။ ကွက်လပ်တွေရဲ့ နောက်မှာ ဘယ်လို သုံးရမယ် ဆိုတာကို လေ့ကျင့်ခန်း ပေးကတည်းက ထည့်ရေးထားပြီးသားမို့ ဘာကြောင့် သည်အကူကြိယာတွေ သုံးရတယ် ဆိုတာ တော်တော်လေး ရှင်းနေပါလိမ့်မယ်။) 

6. I knew he was wrong but I didn’t dare (hadn’t the courage မရဲဘူးဆိုတဲ့ အဓိပ္ပာယ်) ) to tell him so. (သည်တစ်ပုဒ်လည်း အတူတူပါပဲ။) 

7. You’re getting fat. You ought/will have to cut down your beer drinking. (မင်း ၀လာပြီ၊ ဘီယာဖြတ်ဖို့ ကောင်းနေပြီနော် ဆိုတဲ့ ၀ါကျပါ။ သည်နေရာမှာ ပြောသူက အမိန့်အာဏာ သုံးပြီး ဖြတ်ခိုင်းနေတာ မဟုတ်ဘူး။ ၀လာတယ် ဆိုတဲ့ အခြေအနေအရ လုပ်သင့် လုပ်ထိုက်တာကို အကြံ ပြုလိုက်တဲ့ စကားပါ။ ဖြတ်တာ မဖြတ်တာတော့ မင့်သဘောပဲ၊ သို့ပေမယ့် ဖြတ်သင့် တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ought to သို့မဟုတ် will have to ကို သုံးလိုက်တာပါ။ ဘယ်ဟာသုံးသုံး၊ အဆင် ပြေပါတယ်။) 

 8. He used to smoke very heavily. Now he hardly smokes at all. (သည်မှာတော့ ဒုတိယ ၀ါကျကို သတိ ထားရပါလိမ့်မယ်။ ဒုတိယ ၀ါကျက ပထမ၀ါကျ အတွက် အဖြေကို ပေးနေပါတယ်။“အခုတော့ သူ လုံးလုံး ဆေးလိပ် မသောက်သလောက်ပဲ}လို့ ဒုတိယ ၀ါကျက ဆိုပါတယ်။ သည်နေရာ မှာလည်း hardly ကို သတိထား သင့်ပါတယ်။ သူ့ရဲ့ အနက် အဓိပ္ပာယ်က not နဲ့ ဆင်တာကို စွဲစွဲမြဲမြဲမှတ်သား စေချင်ပါတယ်။ အဲတော့ကာ အရင်ကတော့ သူ ဆေးလိပ် တအားသောက်တဲ့ အကျင့် ရှိခဲ့ဖူးတယ်လို့ ပြောရတာမို့ သည်နေရာမှာ used to ကို သုံးလိုက်ရတာပါ။ အတိတ်တုန်းက လုပ်ခဲ့တဲ့ အလေ့အထကို ပြောတာ ဖြစ်ပါတယ်။) 

9. The new motorway is to be opened this afternoon. (လေ့ကျင့်ခန်း အပေး စောသွားပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ကြပါ။ သည်ကိစ္စကို မရှင်းရသေးပါဘူး။ အခု အဖြေပေးရင်း ရှင်းပေးပါ့မယ်။ တင်ကူး စီစဉ်ထားတာကို ပြောချင်တဲ့ အခါVerb to ‘be’ + to + V1 ကို သုံးကြပါတယ်။I’m to go to see the doctor. ဆိုရင် ဆရာဝန်နဲ့ တွေ့ဖို့ ချိန်းထားတယ် ဆိုတဲ့ အနက် ထွက်လာပါတယ်။They were to sit for the exams next month ဆိုရင်လည်း သူတို့တွေ နောက်လ စာမေးပွဲ ဖြေဖို့ စီစဉ် ထားတယ်ဆိုတဲ့ သဘောပါ။ အခု ၀ါကျမှာတော့ ကနေ့ နေ့ခင်းမှာ လမ်းသစ် ဖွင့်မယ်လို့ ပြောတာပါ။ ဒါလည်း စီစဉ်ပြီးသား ဆိုတဲ့ အနက်မျိုးနဲ့ ပြောတာမို့ is to be opened လို့ သုံးလိုက်တာပါပဲ။ လမ်းက သူ့ဘာသာ ထဖွင့်လို့ မရ ပါဘူး။ လမ်းကို ဖွင့်ရမှာ၊ လူတွေက ဖွင့်ပေးရမှာမို့ ကံဟောဝါကျ (PassiveVoice))နဲ့ be opened လို့ သုံးလိုက်တာပါပဲ။ ဒါကိုတော့ နောက်ပိုင်း Passive Voice အကြောင်း ဆွေးနွေးတဲ့ အခါ ကျတော့မှ အသေးစိတ် ထပ်ရှင်းပေးပါ့ မယ်။) 

10. I’ve come out without any money. Could you possibly lend me Kyats 5,000? (ငါ့မတော့ ပိုက်ဆံ ထည့်မလာခဲ့မိဘူး။ မင်းငါ့ကို ငါးထောင်လောက်များ ချေးနိုင်မလားလို့ ပြောတာပါ။ ကိုယ်က လိုချင်တဲ့ သူမို့ ချေချေငံငံ ပြော လိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် Could ကိုသုံးလိုက်တာပါ။) 

11. Ann: Shall we meet at Maha Bandoola Garden? (သည်မှာတော့ မဟာဗန္ဓုလ ပန်းခြံမှာ တို့ဆုံကြမလားလို့ ပြောလိုက်တာပါ။ အနာဂတ် အတွက်ဆို Shall we? ၊ ဆိုတဲ့ အသုံးလေးကို အသေမှတ်ထား သင့်ပါတယ်။ သွားကြမလား ဆိုရင် Shall we go? ၊ ပေါ့ဗျာ။ နေ့လယ်စာ အတူ စားကြ မလား ဆိုရင် Shall we have lunch? ၊ ပေါ့ဗျာ။) 

12. Tom: It would be better to meet at the the theatre. We might miss one another at Maha Bandoola Garden. (ဒါက ရှေ့က ၀ါကျနဲ့ ချိန်ထားတာပါ။ ရုပ်ရှင် ရုံမှာပဲ ဆုံလိုက်ကြရင် ကောင်းမယ်။ ပန်းခြံမှာ ဆိုရင် လွဲချင် လွဲနေ နိုင်တယ်လေလို့ ပြောတာပါ။ သည်မှာကျတော့ အမှတ်စဉ် သုံးကလို့  had better နဲ့ သုံးလို့ မရဘူး။ မရဆို သူ့အတွက် ကတ္တားက ပုဂ္ဂလိက နာမ်စားဖြစ်တဲ့I, you, she, they etc. တွေမှ မဟုတ်တာကိုး။ သည်မှာလည်း အဲသလို နာမ်စား မပါဘဲ V1 ရင် ပို ကောင်းမယ်လို့ ပြောချင်တဲ့ အခါ It would be better + V1 ကို သုံးရတယ် လို့ အသေ မှတ်ပေးကြပါဦး။ ဒုတိယ ၀ါကျမှာတော့ ပန်းခြံမှာဆို လွဲချင် လွဲသွား နိုင်တယ်၊ မလွဲချင်လည်း မလွဲဘူး ဆိုပြီး မရေမရာလေး ပြောတာမို့ might ကို သုံးတာပါပဲ။) 

13. Would you like to come yachting with me next weekend? (လာမယ့် စနေ၊ တနင်္ဂနွေကျ မင်း ငါနဲ့ ရွက်လှေစီးဖို့ လိုက်ချင်လားလို့ မေးတာပါ။ ဒါလည်း ချေချေငံငံမေးတာမို့Would you like to? ၊ နဲ့ သုံးလိုက် တာပါ။ အသေ မှတ်ထားသင့်တဲ့ အတွဲပါပဲ။ ကော်ဖီ သောက်ချင်လားလို့ မေးချင်ရင်Would you like (to have) some coffee? ၊ သည်မှာ နေချင်လား လို့ မေးချင်ရင်f Would you like to stay here? ၊ စသဖြင့် လိုသလို သုံးသွားလို့ ရပါတယ်။) 

 14. Yi Yi: I had to pay Kyats 500 for this little chap on the bus yesterday. (သည်ဝါကျကတော့ အခြေအနေ ကြည့်ပြီးhad ကို ထည့်လိုက် ရတာ ပါပဲ။ မနေ့က ဘတ်စ်ကားပေါ်မှာ သည်ပုဂ္ဂိုလ်လေးကို ငါးရာတောင် ပေးခဲ့ရတယ် ဆိုတဲ့ ၀ါကျပါ။ ကြိုတင် စီစဉ်ပြီး ပေးတာတော့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် မလွှဲသာလို့ မဖြစ်မနေ ပေးခဲ့ရတဲ့ သဘော သက်ရောက် နေတာမို့ had to ကို သုံးလိုက်တာပါပဲ။ အမှတ်စဉ် ၄ ၊ အမှတ်စဉ် ၇ တို့နဲ့ ယှဉ်ကြည့် စေချင်ပါတယ်။) 

15. Mo Mo: My little boy’s under three so I don’have/don’t need (No obligation. Use present tense.မဖြစ်မနေ မဟုတ်။ ပစ္စုပ္ပန်ကာလအဖြစ်သာ သုံးပါ။) ) to pay for him. (ဒါကလည်း ရှင်းမယ် ထင်ပါတယ်။ ကွက်လပ်တွေရဲ့ နောက်မှာ ဘယ်လို သုံးရမယ် ဆိုတာကို လေ့ကျင့်ခန်း ပေးကတည်းက ထည့်ရေးထားပြီး သားမို့ ဘာကြောင့် သည်အကူကြိယာတွေ သုံးရတယ် ဆိုတာ တော်တော်လေး ရှင်းနေပါလိမ့်မယ်။) 

16. The plane was to have landed (unfulfilled plan စီစဉ်သလို ဖြစ်မလာတာ) at Tada Oo, but it has been diverted to Nyaung-Oo. (အမှတ်စဉ် ၉ အတွက် ရှင်းလင်းချက်ကို ပြန်ဖတ် ကြည့်တော်မူကြစေ လိုပါတယ်။) 

17. You’ve spelt it wrong. There should/ought to be another ‘s’, (စာလုံးပေါင်း မှားနေတယ်။ နောက်ထပ် s တစ်လုံး ပါသင့်တယ်လို့ ပြောလိုက်တာပါ။ထပ်ရှင်းစရာ မလိုတော့ဘူး ထင်လို့ မရှင်း တော့ပါဘူး။ တစ်ခုပဲ ရှိတယ်။ should နောက်မှာ to မလိုက်ပေမယ့် ought ကတော့ ought to လို့ သာ သုံးရတာလေးကို သတိထား စေချင်ပါ တယ်။) 

18. You might/should have told me! (I’m disappointed that you didn’t tell me. မင်းပြောမပြလို့ ကျုပ်မှာ အကြီးအကျယ် စိတ် အနှောင့်အယှက် ဖြစ်ရတယ် ဆိုတဲ့ လေသံပါအောင် ပြောရမှာ။ (မင်းငါ့ကို ပြောပြခဲ့ဖို့ သင့်တယ်လို့ မကြည် မသာ ပြောလိုက်တာပါ။ အခုမှ သိရလို့ ဒေါပွ သွားတဲ့ အသံ ပါနေဖို့ လိုတယ်လေ။ သည်လို အခါမှာ အဲသလို သုံးတယ်လို့သာ အသေမှတ် ပေးကြပါဦး။) 

19. We will have to take a taxi. Otherwise we’ll be late. (အငှားကားနဲ့ သွားမှဖြစ်တော့မယ်။ မဟုတ် ရင် နောက်ကျတော့မှာဆိုတဲ့ စကားပါ။ မဖြစ်မနေ ငှားရတော့မယ့် သဘော ဆောင်နေပါတယ်။ ဒါပေမယ့် အခု ချက်ချင်းကြီး မဟုတ်ဘဲ အဖျင်းဆုံး စကားဆုံးသွားတဲ့ အခါ (၀ါ) အနာဂတ်ကာ လကျမှ မဖြစ်မနေ လုပ်ရတော့မှာမို့ will have to ကို သုံးပါတယ်။) 

 20. At the holiday camp we used to get up at six and bathe in the river. Then we would come back and cook an enormous breakfast. (routine actions ပုံမှန် လုပ်နေကျ အလုပ်တွေနော်။) (အပန်းဖြေ စခန်းမှာတုန်းက ပုံမှန် လုပ်နေကျတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခု မဟုတ်တော့ ပါဘူး။ used to အတွက် အမှတ်စဉ် ၈ နဲ့ တွဲကြည့် စေလိုပါတယ်။ အပန်းဖြေ စခန်းတုန်းက မနက်ဆို ၆ နာရီ ထပြီး မြစ်ထဲမှာ ရေဆင်းချိုး နေကျ။ ပြီးရင်တော့ ပြန်လာကြမှာ ဖြစ်ပြီး မနက်စာ တစ်ပုံကြီး ချက်ကြတယ်လို့ ပြောတာပါ။ ဒုတိယ၀ါကျမှာ “ပြန်လာကြမှာ” ဆိုတဲ့ အနာဂတ်ကို သုံးထားတာ ဖြစ်တယ်။ သို့သော် အဲဒီ အနာဂတ်က အပန်းဖြေ စခန်းတုန်းက အနာဂတ်၊ အခုအတွက် အနာဂတ် မဟုတ်တော့ဘူး။ အတိတ်တုန်းက အနာဂတ်ပေါ့။ အဲဒါကြောင့်မို့ would လိုက်တာပါ။ အင်္ဂလိပ် ဘာသာ စကားက ဇယား ရှုပ်တယ်ဆိုတာ အဲဒါပါပဲ။ အနာဂတ်တောင်မှ အတိတ်ရဲ့ အနာဂတ် ရှိနေသလို အတိတ်မှာလည်း အနာဂတ်ရဲ့ အတိတ် ရှိနေတတ်တာမျိုးက ကာလ သုံးပါး စလုံးကို သည်လိုပဲ အမှတ်တမဲ့ သုံးဖြစ် နေတတ်တဲ့ ကျွန်တော်တို့ ရွှေတွေ အတွက် နားမလည် ချင်စရာ ဖြစ်နေ တတ်ပါတယ်။ အဲဒီ ကာလ ကိစ္စတွေကိုလည်း နောက်ပိုင်း ကျတော့မှ ကျကျနန ရှင်းလင်း ဆွေးနွေးနိုင်အောင် ကြိုး စားသွားပါမယ်။) 

21. Tin Maung should know the address. (He probably knows.တင်မောင် သိချင် သိလိမ့်မယ်) (တင်မောင် သိချင်သိမယ်၊ တစ်နည်းပြောရင် တင်မောင် သိသင့်တယ်၊ သိသင့်တာက တခြား၊ သိချင်မှလည်း သိမှာက တခြားပါ။ ဒါကြောင့်should ကို သုံးတာပါ။) 

22. Tin Maung will know the address. (I’m sure that he knows. တင်မောင် သိမယ်ဆိုတာ သေချာတယ်။) (သည်မှာတော့ တင်မောင်သိတာ သေချာ နေတယ်လို့ ပြောချင်တဲ့ အတွက် ရိုးရိုး will ကို သုံးလိုက်ပြန်ပါတယ်။ ဂရုစိုက် လေ့လာစေချင် ပါတယ်။ အမှတ်စဉ် ၂၀ တုန်းက ပြောခဲ့တဲ့ အတိုင်းပဲ။ အင်္ဂလိပ် ဘာသာစကားက ဇယား ရှုပ်ပါတယ်။ ကိုယ့်မိခင် ဘာသာစကား မဟုတ်တဲ့ အတွက် တချို့ဟာတွေက နားလည်ရ ခက်ချင် ခက်နေနိုင်တာမို့ သေချာလေး အာရုံစိုက်ပြီး မှတ်နိုင်ပါမှ တန်ကာကျမှာပါ။) 

23. I’ve lost my umbrella. I must have left it on the bus. (deduction ယူဆချက်) (ဒါကိုလည်း အသေသာ မှတ်လိုက်ပါတော့ ဗျာ။) 

24. Theatre regulations: At the end of the performance the public may (are permitted to ခွင့်ပြု သည်ဆိုတဲ့ အနက်နဲ့) leave by all exit doors. (ဒါတော့ ရှင်းမယ် ထင်ပါတယ်။) 

25. If I were you I’d get a taxi. (ဒါကတော့ အခြေအနေ အရ ပြောတာပါ။ ငါသာ မင့်နေရာမှာ ဆိုရင် အငှားကား ငှားမိမယ် ဆိုတာကို ပြောတာ ဖြစ်ပါတယ်။ လောလောဆယ် တော့ သည်တိုင်းပဲ မှတ်လိုက်ပါဦး။ သက်ဆိုင်ရာ အခန်းကျတော့မှ ဒါကိုလည်း အသေးစိတ် ကျေလည် အောင် ဆွေးနွေး သွားပါမယ်။) 

 26. Did you paint it yourself or did you have it painted? (သည်တစ်ပုဒ်မှာလည်း အမှတ်စဉ် ၄ မှာ လိုပဲ တောင်းပန်စကား ဆိုရပါဦးမယ်။ ဇယားရှုပ်တဲ့ အင်္ဂလိပ် ဘာသ စကားမှာ have + something + V3 ဆိုရင် ကိုယ်တိုင်လုပ်တာ မဟုတ်ဘဲ တစ်ယောက်ယောက်က လုပ်ပေးတာကို ဆိုလိုတာပါ။ I have cut my hair. ဆိုရင် ကျွန်တော့် ဆံပင် ညှပ်ပြီး ပြီလို့ ဆိုလိုတာ ဖြစ်ပေမယ့် ကတ်သီးကတ်သတ် ပြောမယ်ဆို ကိုယ့်ဆံပင်ကို ကိုယ့်လက်နဲ့ ကိုယ့်ဘာသာ ညှပ်ရာ ရောက်ပါတယ်။ သူများက ညှပ်ပေး တာဆိုတဲ့ သဘောနဲ့ ပြောချင်တယ် ဆိုရင်တော့I have had my hair cut. လို့ ဖြစ်သွားပါလိမ့်မယ်။ အခု ၀ါကျမှာလည်း ဆေးကို ကိုယ်တိုင် သုတ်တာလား၊ တစ်ယောက်ယောက်က သုတ်ပေး ခဲ့တာလားလို့ မေးတာဖြစ်တဲ့ အတွက်Did you have it painted? ၊ ဖြစ်နေတာပါပဲ။ အဲသလို့ have + something + V3 ကို သုံးတဲ့အခါ ဆက်စပ်ရာ ကာလနဲ့ သုံးလို့ ရပါတယ်။ အခုဝါကျမှာ အတိတ်ကာလနဲ့ သုံးထားသလို ရှေ့က ဆံပင်ညှပ်တဲ့ ၀ါကျမှာကျတော့ ပစ္စုပ္ပန်မှာ ပြီးမြောက်မှုပြ ကာလ (Present Perfect Tense) နဲ့ သုံးထားတာ တွေ့ရပါလိမ့်မယ်။ အလားတူပဲ သူ့ကားကို တစ်ယောက်ယောက်ကို ဆေးခိုင်း လိမ့်မယ်ဆိုတဲ့ အနာဂတ် အတွက် ဆိုရင်လည်းshe will have the car washed. လို့ သုံးနိုင်ပါတယ်။) 

27. You oughtn’t (negative သုံးရမှာနော်) to be driving so fast. There’s a speed limit here. (မောင်းရမယ့်မိုင်နှုန်း ကန့်သတ်ချက် ရှိနေတယ်။ သိပ်အမြန်ကြီး မမောင်းသင့်ဘူးလို့ ပြောတာပါ။ အမှတ်စဉ် ၇ နဲ့ ၁၇ တို့နဲ့ ယှဉ်ပြီး ကြည့်စေချင် ပါတယ်။) 

 28. You might (requestအမေတ္တာရပ်ခံတဲ့ လေသံ)H) get me some aspirin when you’re at the chemist’s. (မေတ္တာရပ်ခံတဲ့ လေသံလို့ ဆိုထားပြီး ဖြစ်တဲ့အတွက် သည်လို သုံးတာကို သဘောပေါက်မယ်လို့ ယူဆပါတယ်။) အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ။     

(ဖူးငုံ မဂ္ဂဇင်း - ဩဂုတ်၊ ၂၀၁၀) ဆူဒိုနင်
Print this post

No comments:

Post a Comment

I ngaih dân han thawh ve rawh le....